news

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည် ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်           ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှု စစ်ဆေးသည်။

          ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့သင်္ကြန်အတက်နေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်သည်။

၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာပစ်ချတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအနက် ဒဏ်ရာရရှိသူအချို့ကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ အမှတ်(၂)တပ်မတော် ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်၍  ဆေးကုသမှုခံယူလျက်ရှိပါသည်။

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး မဟာ သင်္ကြန်ကာလတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE. FALLS) ၌ ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးတေးဂီတများဖြင့် ပျော်ရွှင်စွာရေကစား၍ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။