နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဟားခါးမြို့ရှိ မြို့မိ မြို့ဖများနှင့် တပ်နယ်မိသားစုဝင်များ၊ ကလေးမြို့ရှိ ကလေး၊ ကျီကုန်းတပ်နယ် မိသားစုဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် သီးခြားစီတွေ့ဆုံ၊ ကလေးမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေကြသော ဒေသခံ ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့နယ်ရှိ ဘာသာရေးခေါင်းဆောင် များ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။















