ရန်ကုန် - ကူမင်း - ရန်ကုန် Cargo Flight စတင်ပျံသန်းပြေးဆွဲခြင်း

Sunday, November 5, 2023 - 15:30

မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် - ကူမင်း - ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ ည (၂၃:၅၅)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့်စတင်ပျံသန်းပြေးဆွဲခဲ့ပါသည်။

ယနေ့ ရန်ကုန် - ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၄၄၉)ပုံး နှင့် ကူမင်း - ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၂၈၈၆ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံး တင်ဆောင်ပျံသန်း ခဲ့ပြီး ရန်ကုန် - ကူမင်း - ရန်ကုန် Cargo Flight အားနေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။