တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ နို

Monday, November 6, 2023 - 15:15

                 ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝရွာသို့ ရောက်ရှိ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့သည် ချောင်းဝရွာရှိ Cyclone Shutter ၌အခြေပြု၍ အဆိုပါရွာနှင့် ပတ်ဝန်းကျင် ရွာများမှ ဒေသခံပြည်သူ ၁၁၂၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

                 ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၃၉၂ ဦး၊ ခွဲစိတ်ရောဂါ ၉၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၅၆ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိရောဂါ ၂၂၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူတစ်ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

                 အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိ နေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ   ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၈၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

                 ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၄၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၀ ဦး၊ မျက်စိရောဂါ ၄၉ ဦးနှင့် သွားရောဂါ ၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၂  ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

                 ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ နယ်လှည့်အထူးကုဆေးအဖွဲ့အား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။        

အရှင် သုစိတ္တ

ဒီမှာလာပြီးတော့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက် ပြီး ဆေး ကုသ ပေးတယ်ဆိုတော့  ဦးဇင်းလာရောက်ပြသတာပါ၊ ဒူးတွေ ခြေ ထောက်တွေ ယောင် တာပါ၊ပြရင်ကနေ နှလုံးEGC စွဲပါတယ်၊ဆရာဝန် တွေနဲ့ ပြသတဲ့အခါမှာဆေးသောက်ဖို့ ဆေးတွေပေးပါတယ်၊အခမဲ့ကုသပေးတဲ့အခါ မှာကြ တော့ ဆင်းရဲတဲ့သူ ချမ်းသာတဲ့သူ အကုန်လုံးလူတန်းစားမရွေး သက် ကြီးရွယ်အို ကလေးလူကြီး အကုန်လုံး လာရောက်ပြ သနိုင်ပါတယ်၊ တစ်ချို့ဆိုလည်းအခက်ခဲတွေရှိကြပါတယ်၊မျက်စီဆိုရင်လည်း မနေ့က အဖွဲ့က ဒိနေ့အထိမပြီးကြသေးဘူးလို့ပြောပါတယ်၊မျက်စီဆိုတာလည်းသူတို့အနေနဲ့ အရင်ကတဲ့ကပြချင်ပင်မဲ့ မပြနိုင်တာတွေရှိမှာပါ၊ရောဂါသူနေရာနှင့် သူအစုံပြ သလို ရပါတဲ့အတွက် မရျိတဲ့အများပြည်သူတွေအတွက် အင်မတန်မှ ကောင်း  ပါတယ်၊ကုန်ကျစရိတ်ခံပြီးပြည်သူတွေအတွက်နိုင်ငံတော်အကြီး အကဲတွေကို အထူးကျေးဇူးတင်ပါတယ်။

ဒေါ်ချိုချိုမိုး( ပြည်ခရိုင် ကျေးရွာ )

          တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ချောင်းဝကျေးရွာကို လာရောက် ပြီးတော့ ဆေးကုသပေးတာ သတင်းကြားလို့ ပြည်ခရိုင်ကျေးရွာကနေလာပြီးတော့ မျက်စိပြသတာပါရှင့်။ မျက်စိမကောင်းပဲ ဝါးတားတားနဲ့ နေခဲ့ရတာ ငယ်ငယ်က တည်းက နှစ် ၂၀ ကျော်ပြီပေါ့နော်။ ဆေးကုသရအောင်လည်း ငွေရေးကြေးရေးက မတတ်နိုင်ဘူး အဲ့တာကြောင့် မလို့ အခုဆိုရင် တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့က လာရောက်ပြီးတော့ အခမဲ့ကုသပေးတဲ့ အတွက်သမီးရင်ထဲမှာ အရမ်းပဲ ဝမ်းသားကျေနပ်ရပါတယ်။ ပီတိဖြစ်ရပါတယ်။ ဆရာဝန်ကြီးတွေ စေတနာ မေတ္တာ ထားပြီး ကုသပေးတဲ့အတွက် ဆရာဝန်ကြီးတွေအားလုံး ပါရဂူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ကိုလည်း ခနခနလာပြီး အခမဲ့ ဆေးကုသပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။