အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်သည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ပခန်းငယ်)၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိစဉ် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။
KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ အတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး ကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကို လည်းကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
မသမာသူများသည် လူပုဂ္ဂိုလ်အချို့၏ Bank Account များအတွင်းမှ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူမှုများ ကျူးလွန်လျက်ရှိ သဖြင့် လူပုဂ္ဂိုလ်အချို့အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ငွေကြေး လိမ်လည်လွှဲပြောင်းထုတ်ယူသူ ဒုစရိုက်သမားများကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် ပူးပေါင်းကျူးလွန်သူ မြန်မာနိုင်ငံသား တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၇၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၇၃၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။























































































































































































































