news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊    ၂၁    / ၂၀၂၃

၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော်    ၁၀    ရက်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ   ၁၄   ရက်)

ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

၁။     တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထား သည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သောလူငယ်များ၏ ပညာရေးကဏ္ဍကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်း မျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ် များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်း များမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး  CDM မလုပ်ဘဲ စာသင်ကျောင်း များဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိနိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်သည်။ ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ် ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေအရတားမြစ်ထား သည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုခြင်းကိုလည်း ပြုလုပ်လျက်ရှိ ကြောင်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ သိရှိရသည်။

         ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်း ပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာ ရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ က ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများအား ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

             အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့        PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

            

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့  PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ် စိန်ပြောင်းများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က မွန်ပြည် သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့အား ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက်ရင်း နှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် အစီအစဉ်များအတိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သည်။