ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်
နေပြည်တော်၊ မေ - ၁၅
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာန ဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter များ၊ ယာယီခိုလှုံရာစခန်းများ တွင် နေထိုင်လျက်ရှိသည်။










































































