ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၂၄ ရက်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီး ပြည်-ဥသျှစ်ပင်သွား ကားလမ်းတွင် ကိုကိုလွင်(ခ)ကိုကြီး မောင်းနှင်လာသော MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သိန်း ဖမ်းဆီးရမိခဲ့ပါသည်။