news

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ဗီယက်နမ်နိုင်ငံသား ၁၀ ဦး မြန်မာ - ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့  ထပ်မံလွှဲပြောင်းပေးအပ်

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ၂၀၂၆ ဇွန် ၃၀                                                    

တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ခံစစ်စခန်းတစ်ခုနှင့် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ကနန်ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇွန် ၃၀

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ဇွန်  ၃၀

          နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတရုံး ၊  ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။