မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော NISSAN ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါသံပိုက်လုံး ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း (၎င်းဒေသ ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၇ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ စိန်ကျော်ဝင်း အား ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် တောင်ကြီးမြိ
news
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း နှစ်ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ဝါဆိုလပြည့်နေ့သည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဟူသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာ ရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်တို့နှင့် ပြည့်စုံ သောနေ့ထူးနေ့မြတ်ဖြစ်သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူတစ်ဦးသေဆုံး
နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စစ်မှုထမ်း ဟောင်းအိမ်ရာရှိ ဓမ္မာရုံသစ် ဆောက်လုပ်ပြီးစီး၍ ရေစက်သွန်းချ လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဓမ္မာရုံ၌ ပြုလုပ်ရာ အေးသာယာမြို့၊ ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏဝရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များရှိ သတ်မှတ်နေရာများ၌ အသီးသီး ပြုလုပ်ရာ သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့ညနေ ၃ နာရီတွင် ကျောက်ဆည်နှင့်မိတ္ထီလာ ခရိုင်ချင်းဆက်လမ်း၊ တောင်တော် ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစား မှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ အိန္ဒိယနိုင်ငံသား ၈ ဦးနှင့် ကမ္ဘောဒီ