news
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည် နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၇ ထပ်လူနေ အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကလေးဝမြို့၊ ချင်းတွင်းတံတားတွင် ဂိုးရှင်းမန် (ခ)ရှင်းမန် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို၊ ဂင့်ကပ်ခိုင်(ခ)ခိုင်ခိုင် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ မုန်ဂင့်ဆန်(ခ)ဆန်းသယ် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနှင့် ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ် ၃ စီးပေါ်မှ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလိ
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်စေရန် အဓိက ဖြစ်သည့်နယ်မြေတည်ငြိမ်အေးချမ်း၍ ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေး အတွက် တပ်မတော်က စွမ်းစွမ်းတမံကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များသာမက ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်ရရှိ၊ ကလေး-တမူးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၀
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာနှင့် သရက်ကန်ကျေးရွာကြားရှိ ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးအား ထပ်မံဖယ်ရှားရှင်းလင်း
နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ခိုးမှုကျူးလွန်ရန် နေအိမ်အတွင်း ဝင်ရောက်၍ ၎င်းနေအိမ်အတွင်းရှိ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သူ အမျိုးသား တစ်ဦးအား ဇွန် ၁၉ ရက် ညနေပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။







































































































