news

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးမင်းနောင်နှင့်ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင် ထိန်းသိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ၁၅၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ဂန္ဓမာလမ်းပေါ်တွင် ဗိုလ်ဗလ(ခ)ဗလ မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် SUCCEED အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀,၀၀၀ ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ၁၈၃၀ အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အောင်မင်းထွန်း(ခ)အောင်ကြီး အား လမ်းမတော်မြို့နယ်၊ (၉)ရပ်ကွက်၊ ဘိုးရာဇာ လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ ဩဂုတ်လ ၂၀ ရက်နေ့ ၁၄၃၀ အချိန် စိုင်းခေး(ခ)စိုင်းစံမီး အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၆)တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဗိုလ်ဗလ(ခ)ဗလ(၃၆)နှစ်၊ စိုင်းနော်ခမ်း(၃၆)နှစ်၊ အောင်မင်းထွန်း(ခ)အောင်ကြီး(၄၂)နှစ်နှင့် စိုင်းခေး (ခ)စိုင်းစံမီး(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက သတ်ဖြတ်ခဲ့ပြီး ချောင်းဦး-ပခုက္ကူသွား လမ်းခွဲတစ်နေရာ၌ ခြေလက်များ ကြိုးတုပ်ထားသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို စွန့်ပစ်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများအား စစ်ဆေး၊  တောင်ငူမြို့တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

          ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပျံချီတက်ကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကိုလည်း ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဩဂုတ် ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်း အမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေများနှင့်  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ဒေါတမရပ်ကွက်၊ အခြေခံပညာအလယ်တန်း  ကျောင်း(ဒေါတမ)ရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက် ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။