news

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဦးကင်းကြည်ကျေးရွာကို ဩဂုတ် ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ၃ ဦးကို သတ်ဖြတ်ခဲ့ ကြောင်းနှင့် ၎င်းကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများအား စစ်ဆေး၊  နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား

ပြန်လည်သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေ အသိပညာဗဟုသုတများ ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး မိမိတို့တာဝန်ကျရာပတ်ဝန်းကျင်ကို ပညာအလင်းရောင်နှင့် လမ်းကြောင်းမှန် ဖော်ဆောင်ပေးနိုင်ရမည်

နေပြည်တော်၊ ဩဂုတ် - ၂၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီး ဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့  သွားရောက် ၍  နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာ စကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက် ဖူးမြော်ကြည်ညိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက် ဖူးမြော်ကြည်ညိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ရှိရှေးဟောင်းသမိုင်းဝင် သာသနိကယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းထားရှိမှုများအားကြည့်ရှုစစ်ဆေး၊ တန်ခိုးကြီးဘုရား၊စေတီများအားဖူးမြော်ကြည်ညို 
နေပြည်တော်၊ ဩဂုတ် - ၂၅ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တန်ခိုးကြီးဘုရားစေတီများအား ဖူးမြော်ကြည်ညိုသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား 
နေပြည်တော်၊ ဩဂုတ် - ၂၅
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
    အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြ သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေဟိ ကျေးရွာရှိ မအားမီ ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်ရှေ့ခြံဝင်းအတွင်း ရပ်တန့်ထားသည့် MITSUBISHI  PAJERO မော်တော်ယာဉ်ပေါ်မှ  ဒေသကာလတန်ဖိုးငွေကျပ်

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်၌ ကျင်းပသည်။