နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို တပ်မတော်ကကောက်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
news
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို ဩဂုတ် ၁၉ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခဲ့ ကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဩဂုတ်လ ၂၀ ရက်နေ့က လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။
ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်းစသည့်မြို့နယ်များတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေကြောင်း၊ ညဘက် လူအိပ်ချိန်တွင် အိမ်ထဲထိဝင်ရောက်ဆွဲခေါ်နေကြောင်း၊ အသက်မပြည့်သေးသောသူများ လည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ်တာဝန်ထမ်းဆောင်ရန် လက်မှတ် ရေးထိုးခိုင်းနေကြောင်းစသည်ဖြင့် မဟုတ်မမှန်ဝါဒဖြန့် သတင်းများကို ပြည်ဖျက်မီဒီယာ DVBက အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေသည်ကို သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဩဂုတ် ၁၇ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက် ကေဘယ်မီးကြိုးများဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။