Thursday, January 29, 2026 - 15:15
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ / ၂၀၂၆
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် )
၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၅)ကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်၍ ယင်းအမိန့်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ် အခြေအနေကြေညာခဲ့ပါသည်။
၂။ ဤအမိန့်သည် ယနေ့မှစ၍ နောက်ထပ်ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ