နေပြည်တော်၊ ဩဂုတ် ၂၀
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဉီးများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်း သာမက ၎င်းတို့အဖွဲ့အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက်လုပ်ငန်း များဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များ ကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။





















