နေပြည်တော်၊ ဩဂုတ်- ၂၀
အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများသည် ဒုတိယအသုတ်အဖြစ် Biman Bangladesh Airlines မှ အထူးကုန်တင်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ အဆိုပါဆေးနှင့်ဆေးပစ္စည်း များကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် သံရုံးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဆေးသုတေသန မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။














