ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ ငွေများသယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ဓားပြတိုက်ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများ၏ ဝန်ခံထွက်ဆိုချက် နေပြည်တော်၊ စက်တင်ဘာ - ၂၁

Tuesday, September 21, 2021 - 17:45

ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ ငွေများသယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ဓားပြတိုက်ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများ၏ ဝန်ခံထွက်ဆိုချက်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

         ပဲခူးမြို့ရှိ ဧရာဝတီဘဏ်ခွဲမှ ရန်ကုန်မြို့သို့ ဘဏ်ငွေများသယ်ဆောင်လာသော မော်တော်ယာဉ် ၂ စီးအား PDF အကြမ်းဖက်အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်၍ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေးကား လမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၅/၅ နေရာ၌ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

         PDF အကြမ်းဖက်အဖွဲ့အနေဖြင့် အများပြည်သူအား ပစ်ခတ်သတ်ဖြတ်နိုင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရေး စသည့်ရည်ရွယ်ချက် များဖြစ် လက်နက်ခဲယမ်းများဝယ်ယူရန်အတွက် ပြည်သူလူထု၏ ငွေများကို ယခုကဲ့သို့ ဓားပြတိုက်ရာဇဝတ်မှုကျူးလွန်ခဲ့သည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ကြိုးပမ်းဖော်ထုတ်မှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် အဓိကတရားခံများအား ၉ နာရီ အတွင်း ဖမ်းဆီးရမိခဲ့မှုသတင်းအား စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ သည်။

         ၎င်းဖြစ်စဉ်အပေါ် အချို့သော မီဒီယာများ၊ Social Media များနှင့် Facebook အပါအဝင် လူမှုကွန်ယက်စာမျက်နှာများ၌ ဖြစ်စဉ်အား လိုရာဆွဲ၍ ရေးသားဖော်ပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပုတ်ခတ်ရေးသားခြင်းစသည့် လုပ်ရပ်များဖြစ် လိမ်လည် ထုတ်လွှင့်ခဲ့ကြကြောင်း တွေ့ရှိရပြီး ဖမ်းဆီးရမိတရားခံများ၏ ဝန်ခံထွက်ဆိုချက် များနှင့် နှိုင်းယှဉ်သုံးသပ်နိုင်စေရေးအတွက် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များကို ယခုလိုဖော်ပြလိုက်ရပါတယ်-