အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား ရေစကြိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုအတွင်းမှ ဖော်ထုတ်သိမ်းဆည်းရမိ
နေပြည်တော်၊ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ်အစပ်ရှိ ကျေးရွာအချို့တို့တွင် အကြမ်းဖက်သင်တန်းများပို့ချခြင်း၊ လက်လုပ် သေနတ်များပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင် များသည် လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကိုဆောင်ရွက်ရှိရာ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာ၊ ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ လက်နက်ခဲယမ်းများ အား ယနေ့ မွန်းလွဲပိုင်းတွင် ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။















