news

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ်- ၂၁

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော် ဩဂုတ်-၂၂

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော်၊ ဩဂုတ်- ၂၂

ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၂၂

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ဆေးနှင့်    ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ
နေပြည်တော်  ဩဂုတ် ၂၂ 

မန္တလေးတိုင်းဒေသကြီး၊ ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ များအား ဖမ်းဆီးရမိ

မန္တလေး ၂၀၂၁ ဩဂုတ် ၂၁

              ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၂လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ပါတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆွေထွန်း (၄၆)နှစ်(ဘ)ဦးဉာဏ်စိန် အား အကြမ်းဖက် သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင်အောင်ဆန်း(ခ) စည်သူအောင်မြင့် နှင့် BBC သတင်းဌာနအလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁   

                အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် သတင်းဌာနများနှင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများပြုလုပ်နေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားရှိသည့် VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ)စည်သူအောင်မြင့် နှင့် BBC သတင်းဌာန အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ၂၂၄၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်(၁၂)၊ အခန်း(၉)၌ အတူတစ်ကွတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

မန္တလေးမြို့အတွင်း PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

                 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များအား တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်းသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် အတွက် စေလွှတ် လျက်ရှိသူ ဇော်နိုး နှင့် စိုးသူဝင်း တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဆက်စပ်တရားခံများ ဖြစ်သော ထက်ပိုင်ကျော်၊ ရဲရင့်သူ၊ ကျော်ဇင်သောင်း(ခ)ပီလီ၊ အောင်ဇင်ဟိန်းနှင့် ဝါဝါထက် တို့   ၅ ဦးကို ဩဂုတ်လ ၁ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။