သံလွင်မြစ်ကူး(ကွမ်းလုံ) တံတားသစ်တည်ဆောက်ရေးလုပ်ငန်းနှင့် ဟိုပန်ပြည်သူ့ ဆေးရုံ၌ အထူးကြပ်မတ်ဆောင်ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၊ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၂၁
ရှမ်းပြည်နယ်(မြောင်းပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် အသစ်တည်ဆောက် လျှက်ရှိသော သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်တည်ဆောက်နေမှုအခြေအနေများ အား စက်တင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဉက္ကဌ ဦးမြင့်ဆွေ၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဉက္ကဌ ဦးညီနပ် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြ မှုများအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့၌ မြန်မာ-တရုတ် နယ်စပ်စည်းရိုးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ရှိ ဟိုပန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အဆိုပါဆေးရုံ၌ ကိုဗစ်-၁၉ လူနာထားရှိမည့် အထူးကြပ်မတ်ကုသဆောင်ပြင်ဆင်ထား ရှိမှုများနှင့် Oxygen Plant ထားရှိမည့်နေရာများအား ကြည့်ရှုပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား အားပေးစကားပြောကြားကာ ဆေးရုံအုပ်ကြီးထံ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်များရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ် သည်များမှာကြားပြီး ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၂၀ အား ပေးအပ်ရာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဉက္ကဌ ဦးညီနပ် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။