news

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စံကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊  နိုဝင်ဘာလ - ၂၀
    ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြော ကြားသည်။

            ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပျဉ်းမကျင်းကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအားယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း ခရီးသွားယာဉ်ပေါ်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ပစ်ခတ်၍  ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

            လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင် လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲ ကို နိုဝင်ဘာလ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာ မီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှု အကအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားပွဲလာပရိတ်သတ်များ တက်ရောက်ကြသည်။

          ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန် ပြည်သူ ၃၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၇ / ၂၀၂၄ )

၁၃၈၆ ခုနှစ် ၊  တန်ဆောင်မုန်းလပြည့်ကျော်   ၃   ရက်

( ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ   ၁၈   ရက် )

လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာ ရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  လူမှုစီးပွားမြှင့်တင်ရေးပါတီ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။