ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့် နေပြည်တော်၊ ၂၀၂၆ မေ ၁၄     

Thursday, May 14, 2026 - 16:45

ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့်

နေပြည်တော်၊ ၂၀၂၆ မေ ၁၄     

                ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား   ယနေနံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ငြိမ်း)၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ များနှင့် လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူများက လွိုင်လင်တပ်နယ်ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

                 ဦးစွာ ရှမ်းပြည်နယ် (အရှေ့အလယ်ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြားသည်။ ထိုနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားကြပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

                ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ဗဟိုအမှုဆောင်အဖွဲ့ဉက္ကဋ္ဌနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက စစ်မှုထမ်းအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

                ဆက်လက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးတပ်ရင်းမှ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုများကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက   လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။