news

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားနှစ်ဦးကို ယနေ့တွင်  ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

                နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ

နေပြည်တော် စက်တင်ဘာ ၁၄             

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ကြေညာခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက် အမှတ် (၅၇/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို သတ်မှတ် ကြေညာခဲ့ပါသည်။

            NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်၍ ၎င်းတို့ ရောက်ရှိ ခိုအောင်းရာ နေရာများနှင့် အနီးဝန်းကျင်တွင် လက်နက်ဖြင့်ခြိမ်းခြောက် အကြမ်းဖက် ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့နှင့်အလိုမတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်  အဖျက်အမှောင့်လုပ်ရပ်များနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

            ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)သို့ တက်ရောက် ကြမည့်  နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံ မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ များ တက်ရောက်ကြသည်။

            NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်၍ ၎င်းတို့ ရောက်ရှိ ခိုအောင်းရာ နေရာများနှင့် အနီးဝန်းကျင်တွင် လက်နက်ဖြင့်ခြိမ်းခြောက် အကြမ်းဖက် ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့နှင့်အလိုမတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်  အဖျက်အမှောင့်လုပ်ရပ်များနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

          (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်   တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်းကို ယနေ့ ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံ သည်။  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊  ဆင်းရဲချမ်းသာကွာဟမှုလျှော့ချပေးနိုင်ရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်

                                        နေပြည်တော်၊ စက်တင်ဘာ -၁၂