မြိတ်မြို့၊ မြိတ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၆ မေ ၈
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ် ရက် ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ် ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်း လူငယ် သင်တန်းအမှတ်စဉ်(၁၀) သင်တန်းကို ဧပြီ (၂၇)ရက်မှစတင်၍ မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်း၌ လေကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်း၌ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအမှာ စကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
