news

              ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ၁၄၀၀ အချိန် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ် ၃ ဦးအပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စိစစ်မေးမြန်းချက်များအရ ၁၁ ဦး အနက် မနှင်းအိဖြူပါ ၉ ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း (အထက်)၊ ဒုတိယထပ်၊ အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်) ဗလ တို့က တစ်ဦးလျှင် ဝန်ဆောင်ခငွေ ကျပ်သိန်း ၈၀ စီရယူ၍လည်းကောင်း၊ မောင်ကျော်မင်းထွန်း ပါ ၂ ဦး အား ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် (၃၉)လမ်းထောင့်၊ Central Tower တတိယထပ်၊ အခန်း(၃၀၂)ရှိ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူ၍လည်းကောင်း၊ မြန်မာနိုင်ငံ ကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို ဥပဒေအရ အမှုဖွင့်လှစ် အရေးယူခဲ့ပါသည်။

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄  ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများ အတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ခဲ့သည်။ 
    ထိုသို့ လုပ်ဆောင်နေမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများသည်  လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ 

                (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ လေးခရိုင်အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

    နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွှယ် နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံ သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများ ပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုး စုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနား ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

နေပြည်တော်၊ ဇန်နဝါရီ - ၄

          တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော်၊ ဇန်နဝါရီ - ၄
    (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း  မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၄
    နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန်

          တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။