news

            နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့်အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ ၂၀၂၅ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊  မာရဝိဇယဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များနှင့် အတူ တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာလ(၂)ရက်မှ (၄)ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှု ယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမှတ်(၄)အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံ ပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။