ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
news
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်အတွင်းရှိ နေအိမ်များကိုလုံခြုံရေး တပ်ဖွဲ့ဝင် များက မီးရှို့ဖျက်ဆီးနေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ စိုင်းဝဏ္ဏထွန်း (ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်း တို့ ၂ ဦးအား
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇)သို့ တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို နိုဝင်ဘာ ၂၃ ရက်က လုံခြုံရေးတပ် ဖွဲ့ဝင်များမှ ကျေးရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး အများ ပြည်သူ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လာရောက်ပေးပို့ရာ နေပြည်တော်လေဆိပ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း၌ မော်တော် ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်း ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံ နိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။