news

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန် များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယ‌နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊​ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ ရောက်ရှိကြရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

              တပ်မတော်တွင် အဋ္ဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက် ပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယ​နေ့ တွင် ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများပြုလုပ်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်း အမှားများဖြင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ကျေးရွာ များကို ဇန်နဝါရီလပိုင်းမှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။