အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ မေ ၂၀

Wednesday, May 20, 2026 - 16:15

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ မေ ၂၀

          အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၉)မှသင်တန်းသားများသည် သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီးနောက် ယနေ့တွင် နေပြည်တော်ရှိ နယ်မြေခံလေတပ်စခန်း၌ တပ်မတော် (လေ)လေယာဉ်မောင်းသင်ကျောင်းမှ လေယာဉ်/ ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်း များ ဆောင်ရွက်ကြသည်။

          ဦးစွာ သင်တန်းသား၊ အုပ်ချုပ်သူနည်းပြများနှင့် ဆရာ/ဆရာမများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်မြေခံလေတပ်စခန်းသို့ရောက်ရှိရာ တာဝန်ရှိသူများမှ ကြိုဆိုကြပြီး လေယာဉ်လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေးစစ်ဆေး၍ လေယာဉ် လိုက်ပါပျံသန်းစဉ် သိရှိလိုက်နာရမည့်အချက်များကို  ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်း များ ဆောင်ရွက်ကြသည်။

          ထို့နောက် မြန်မာပြည်မြောက်ပိုင်းနှင့် မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း တန်းမြင့် လေကြောင်းလူငယ်သင်တန်းစခန်း ၂ ခုမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ သင်တန်းသား ၆ ဦးနှင့် ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ မြစ်ကြီးနား သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်း စခန်း၊ လွိုင်ကော်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာ သင်တန်းစခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မန္တလေး သင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်းစသည့် အခြေခံလေကြောင်းလူငယ်သင်တန်း စခန်း ၁၈ ခုမှ ပထမရရှိသူ သင်တန်းသား ၁၈ ဦး၊ စုစုပေါင်းသင်တန်းသား ၂၄ ဦးတို့သည် အမောင်းသင်လေယာဉ်များဖြင့် လက်တွေ့လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ကြပြီး  အခြေခံလေကြောင်းလူငယ်သင်တန်းစခန်း ၁၈ ခုမှ ဒုတိယရရှိသူ သင်တန်းသား ၁၈ ဦး တို့သည် အမောင်းသင်ရဟတ်ယာဉ်များဖြင့် လက်တွေ့လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက် ကြသည်။

          အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါပျံသန်းသည့် လေကြောင်းလူငယ် သင်တန်း သားများအနေဖြင့် နည်းပြများနှင့်အတူ Walk Around Check ပြုလုပ်ခြင်း၊  Engine Starting ပြုလုပ်ခြင်း၊ Hover ပြုလုပ်ခြင်း၊ Taxy ပြုလုပ်ခြင်း၊ Takeoff ပြုလုပ်ခြင်း၊ Climbing and Turning ပြုလုပ်ခြင်း၊ Cruising ပျံသန်းခြင်း၊ Descending and Turning ပြုလုပ်ခြင်းနှင့်  Approach and Landing ပြုလုပ်ခြင်းများ ဆောင်ရွက် ကြသည်။

          ထို့ပြင် လေယာဉ်စီးနင်းပျံသန်းသည့် အတွေ့အကြုံများရရှိစေရန် သင်တန်းသား များနှင့် ဆရာ/ ဆရာများသည် တပ်မတော်(လေ)သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။