news

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ပဲ၊ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာ ရာမအုန်းတောကျောင်းတိုက်၌ ပြုလုပ်ရာ  နေပြည်တော် ဉပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တဝိစက္ခဏ  အမှူးပြုသော ဆရာတော်၊ သံဃာတော်များ  ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်စည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်မျာ

မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသား(၂၅၆)ဦးအား ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေး၊ တပ်နယ်မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် - ၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်-ရန်ကုန် လူစီးအမြန်ရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် - ၂

            အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ၎င်းတို့အပေါ် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

            PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် အဆိုပါဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက် သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ လိုအပ်သည့ပြုပြင်၊ ပြင်ဆင်တည်ဆောက်မှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရာ ယနေ့တွင် ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ကြောင်းသိရှိရ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။