ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ မေ ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှု နှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာ တွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများအား လည်းကောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသား ၅၁ ဦး နှင့် မြန်မာနိုင်ငံသား ၁၁ ဦးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးပူးပေါင်းအဖွဲ့သည် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင် ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် ယနေ့နံနက် ၁၀ နာရီခန့်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁၀၈၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၁၈၀ ပေ အနံ ၅၀ ပေရှိ လူနေတဲ ၂ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ လူနေတဲ ၂ လုံး၊ ၁၅ ပေ ပတ်လည်ရှိ လူနေတဲ ၇ လုံး၊ အလျား ၆၀ ပေ အနံ ၃၀ ပေရှိ လုပ်ငန်းသုံးတဲ ၂ လုံး၊ ၃၀ ပေ ပတ်လည်ရှိ ထမင်းစားဆောင် ၂ လုံး၊ ကွန်ပျူတာ ဖလက်ပြား(မော်နီတာ) ၆ လုံး၊ မီးစက် (အလတ်) ၁ လုံး၊ မီးစက်(အကြီး) ၂ လုံး၊ Power Station (အကြီး) ၁ လုံး၊ စားပွဲခုံ ၁၈ လုံး၊ ကုလားထိုင် ကော်ခုံ ၃၁ လုံး၊ ရေခဲသေတ္တာ ၂ လုံး နှင့် ဂတ်စ်အိုး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှာဖွေဖော်ထုတ် မှုများ ဆက်လက်ဆောင်ရွက် ရာ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၉၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ အနံ ၁၅ ပေရှိ လူနေတဲ ၃ လုံး၊ အလျား ၁၀ ပေ အနံ ၆ ပေရှိ လူနေတဲ ၂ လုံး၊ ၇ ပေ ပတ်လည်ရှိ လူနေတဲ ၁ လုံး၊ အလျား ၄၀ ပေ အနံ ၁၅ ပေရှိ စားချက်ဆောင် ၁ လုံး၊ အလျား ၄၀ ပေ အနံ ၁၅ ပေရှိ ထမင်း စားဆောင် ၁ လုံး၊ အလျား ၄၀ ပေ အနံ ၁၀ ပေရှိ ဆောက်လုပ်တဲလူနေတဲ ၁ လုံး၊ အလျား ၄၀ ပေ အနံ ၂၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ မီးစက် ၁ လုံး၊ ကွန်ပျူတာ ဖလက်ပြား(မော်နီတာ) ၃ လုံး၊ CPU ၁ လုံး၊ ရေခဲသေတ္တာ ၂ ခန်းတွဲ ၁ လုံး၊ စားပွဲခုံ ၁၈ လုံးနှင့် ကုလားထိုင်(ကော်ခုံ) ၆၀ လုံးတို့ကို ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ရှာဖွေဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၂၂၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ် နိုင်ငံသား အမျိုးသား ၂၀ ဦးကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၈၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် ဖုန်းမျိုးစုံ ၁၂ လုံး တို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက်မီတာ ၂၁၀၀ အကွာ၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦးနှင့် ဖုန်းမျိုးစုံ ၁၁ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက်မီတာ ၁၉၀၀ ခန့်အကွာ၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ဖုန်းမျိုးစုံ ၅ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးတို့ကို လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ စုစုပေါင်း တရားမဝင် ပြည်ပနိုင်ငံသား အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်း သုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက် ဆိုင်ရာအစိုးရအဖွဲထံ တရားဝင်လွှပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။















