ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် လာစေရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ- ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဦးဆန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့်တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြ အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက် လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ ရောက်ရှိပြီး ထိခိုက်ပျက်စီးခဲ့မှုများအား မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အကြံပြုချက်၊ သတ် မှတ်ချက်များနှင့်အညီ ငလျင်ဘေးဒဏ်ခံနိုင်မှုရှိစေရေး အဆင့်အလိုက်၊ အပိုင်းအလိုက် ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည် တော်) မျက်နှာစာသန့်ရှင်းသာယာလှပရေးနှင့်ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေး၊ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။
၎င်းနောက် နိုင်ငံတော်သမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ နှင့် ကျောက် စိမ်းဥယျာဉ်(နေပြည်တော်)တို့သို့ရောက်ရှိပြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မဏိရတနာကျောက်စိမ်းခန်းမကြီးအတွင်းအပြင်အား လိုအပ် သည့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်သွားရန်လိုကြောင်းနှင့် ကျောက်စိမ်းဥယျာဉ် အား အဆင့်အတန်းမီပြီး သန့်ရှင်းသပ်ရပ်သည့်ဥယျာဉ်အဖြစ် ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရာဇသင်္ဂဟလမ်းတစ်လျှောက် သန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သပြေကုန်းအဝိုင်းအနီး ဝန်း ကျင်၌ မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လှည့်လည် ကြည့်ရှုပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)နှင့် ပန်းခြံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နေပြည်တော်မြို့အဝင်မုခ်ဦးအား မြန်မာ့ယဉ်ကျေးမှု ပုံစံဖြင့် အဆင့်မီမီဖြစ်စေရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်း ဆောင်ရွက်မှုများအား စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှောင်ကွင်းလမ်းသစ်နေရာများ၌လည်း ရေစီးရေလာကောင်းမွန်စေရေးနှင့် စနစ် တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်များအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်ရင်ပြင်သို့ ရောက်ရှိကြပြီး ရင်ပြင်ပတ်လည်နေရာများ၌ မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ ထည့်သွင်းတည်ဆောက်သွားရန်၊ စကျင်ကျောက်များဖြင့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်း တည်ဆောက်သွားရန်၊ ရင်ပြင်ပတ်လည်တွင် မြို့ပြအင်္ဂါရပ်နှင့် လျော်ညီသည့် အဆောက်အဦများ ထည့်သွင်းတည်ဆောက်သွားကြရန် တာဝန်ရှိသူများကို မှာကြား သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက် ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဂုဏ်ပြုဗိမာန် အဆို ပြု 3D ပုံစံများ၊ ဗိမာန်ပတ်ဝန်းကျင်၌ သစ်ပင်ပန်းမန်များ ထည့်သွင်းစိုက်ပျိုးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဂုဏ်ပြုဗိမာန် အတွင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ ရုပ်တုများကိုထုဆစ်ထားရှိသွားမည်ဖြစ်ကြောင်း၊ ဗိမာန်နှင့် အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင်လည်း မြန်မာမှုယဉ်ကျေးမှုနှင့် ခေတ်သစ် ဗိသုကာအနုပညာလက်ရာတို့ကို အချိုးညီထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ဗိမာန် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်းသစ်ပင် များနှင့်ပန်းမန်များကို စနစ်တကျဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက် ရေးလုပ်ငန်းခွင်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။







