အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပပြုလုပ်
နေပြည်တော် ၊ ၂၀၂၆ မေ ၁၈
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၂၀ ခုတွင် လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ စုံလင်စွာရောက်ရှိကြသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်း အမှတ်စဉ်(၉) သင်တန်းစခန်းပေါင်းစုံမှ စုစုပေါင်းသင်တန်းသား/သင်တန်းသူ ၁၀၄၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံစစ်ရေးပြ (လက်နက်မဲ့၊ လက်နက်ပါ) ပြိုင်ပွဲများအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် Flight Simulator နှင့် RC Simulator မောင်းနှင်ခြင်းပြိုင်ပွဲများအားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများ၊ သက်ဆိုင်ရာသင်တန်းစခန်း အသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

