မြိတ်မြို့၊ မြိတ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်သင်ကြားနေမှုများအား  ကြည့်ရှုအားပေး နေပြည်တော်၊ ၂၀၂၆ မေ ၁၅

Friday, May 15, 2026 - 18:00

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ် ရက် ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ် ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍  အခြေခံလေကြောင်း လူငယ် သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ (၂၇)ရက်မှစတင်၍ မြိတ်မြို့ရှိ မြိတ်သင်တန်း စခန်း၌ လေကျင့်သင်ကြားပေးလျက်ရှိသည်။

   အဆိုပါ  သင်တန်း၌ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ကျော်လင်းမောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကျော်လင်းမောင်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလက်လံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။