မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ)မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင် ၄ ဦးအား လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် ၊ ဇွန် -၂၄
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင် လာသည်ကို တွေ့ရှိ ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
































