ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများ၊ ကုန်တိုက်များ၊ မော်တော်ယာဉ်လိုင်းများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး ပြည်သူအများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှားလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့၌ ယခင်ရက်ပိုင်းအတွင်း နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လူစုလူဝေး အနည်းငယ်ဖြင့် ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက် စာမျက်နှာများပေါ်မှ ဝါဒဖြန့်ချိမှု များနှင့် အကြမ်းဖက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းအပြင် ယခုရက်ပိုင်း ကာလ အတွင်း၌ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် အချို့ယာဉ်လိုင်းများတွင် စီးနင်း လိုက်ပါမှု မပြုရန်လှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့လုပ်ဆောင်လာမှုများအပေါ် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေ့ရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်များကို နေ့၊ ညမပြတ် ဆောင်ရွက်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက် ဖျက်ဆီး မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်သိပြည်သူလူထုတို့၏ ပူးပေါင်း ဆောင်ရွက် မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုများအနေဖြင့် စိုးရိမ်ပူပန် မှုမရှိဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ် သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်း ဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြ ပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။