news
သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ ၄ ရက်
နိုင်ငံတော်ဆန့်ကျင်ရေးအစုအဖွဲ့များအနေဖြင့် လူငယ်ထုများအား ရှေ့တန်းတင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များ၊ ဆန္ဒပြသူအဖွဲ့များအတွက် ပစ္စည်းမျိုးစုံတီထွင်ကာ နောက်ကွယ် မှ ထောက်ပံ့သော ငွေကြေးအမြောက်အများကို အကုန်ကျခံပြီး နိုင်ငံရေးသမားအများစုက လှုံဆော်မှုပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါသည်။
နေပြည်တော်၊ မတ်လ ၄ ရက်
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရဲတပ်ဖွဲ့ပိုင် မီးတန်းယာဉ်ဖြင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်စဉ်
နေပြည်တော်၊ မတ် - ၄
COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ မတ် - ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မလေးရှားနိုင်ငံမှ ရေကြောင်း ခရီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center တွင်ထားရှိပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ မတ် - ၄
မတ်လ - ၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ၈၄ လမ်း ၃၀ လမ်းထောင့်၌ ဆူပူအကြမ်းဖက်ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီထိန်းသိမ်းဆောင်ရွက်ခဲ့မှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
နေပြည်တော်၊ မတ်လ ၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဖျာပုံလမ်းထောင့်တွင် မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူအုပ်စုအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရမှုအခြေအနေအား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
နေပြည်တော်၊ မတ် - ၄
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။















