မြိတ်မြို့ မြို့နယ်ရဲစခန်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဇလွန် မြို့ပေါ်ရပ်ကွက်များရှိဒေသခံပြည်သူများအားဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့၊ သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၈
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။












