ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံး
နေပြည်တော်၊ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့်လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
news
ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံးပြုရန် ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် Plant တစ်ခုအား ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံး ပြုရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင် Plant များကို သက်ဆိုင်ရာ ဆေးရုံများသို့ ပေးအပ်လှူဒါန်းလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၂၅
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေး လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး အောက်စီဂျင်စက်ရုံတစ်လုံး တည်ဆောက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၂၅
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့ လူနာများအတွက်လည်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်မီအောင် တပ်မတော်က ထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ Liquid Oxygen တန် ၅၀ ဆံ့ TANK မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် စက်ရုံတစ်ရုံကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဇူလိုင် ၁၂ ရက်မှစတင်၍ ဆောက်လုပ်ရေးလုပ်သားအင်အား ၆၀ ဦးခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး ဇူလိုင်လကုန် အပြီးတည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်
နေပြည်တော်၊ ဇူလိုင် - ၂၅
ပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ အနုသုခုမပညာရပ်များဖြင့် ဖျော်ဖြေတင်ဆက် ပြီး နိုင်ငံတော်၏ အနုပညာကဏ္ဍတိုးတက်အောင်လုပ်ဆောင်နေကြသည့် အနုပညာ ရှင်များ၊ ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်နေကြသူများသည် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေမှသာလျင် အဆင်ပြေကြသူများဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အလုပ်အကိုင်ရှားပါးလျက်ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေ နှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၂၅
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အချုပ်ထောင်အား သွားရောက်ကြည့်ရှု့စစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့မနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အချုပ်ထောင်အား သွားရောက်ကြည့်ရှု့အသေးစိတ်စစ်ဆေးခဲ့ပါသည်။
ထိုသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အချုပ်ထောင် ထောင်အဝင်ဝရှိ ကျန်းမာရေးစစ်ဆေးနေမှုများနှင့် အချုပ်ထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများ၏ နေ့စဉ်နံနက်ခင်းဆောင်ရွက်လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်နေမှုကို ကြည့်ရှု့စစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစီအစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့် လျက်ရှိသည့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်နိုင်ရေး မှာကြားခဲ့ ပါသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေးရုံးပိတ်ရက်များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်စီ ဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် (၂၆-၇-၂၀၂၁ ရက်မှ ၁-၈-၂၀၂၁ ရက်အထိ) ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်းသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပါသည်။













