သီတင်းကျွတ်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်တောင်တန်းတောရကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသနှင့် စစ်ကိုင်းတောင်ရိုးတို့ရှိ ဆရာတော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
နေပြည်တော်။ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ရက်မြတ်ကာလအတွင်းတွင် သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာ တော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု များကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
အောက်တိုဘာလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ်ဆေးထိုးစုရပ်နှင့် နဝဒေးရပ်ကွက်ရှိ ဝင်္ဂဘာ တောရကျောင်းတိုက်ဆေးထိုးစုရပ်တို့၌ ပြည်တောင်တန်းတောရကျောင်းတိုက်ပေါင်း(၆၆၇) ကျောင်းတိုက်ရှိ ဆရာတော်/သံဃာတော် (၁,၆၉၁)ပါး၊ သီလရှင်(၅၆၃)ပါးနှင့် ကပ္ပိယ (၁,၀၈၃)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများလာရောက် အားပေးကြည့်ရှုခဲ့၍ ဆေးထိုးစုရပ်ရှိ တာဝန်ထမ်းဆောင် နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
















