နေပြည်တော်၊ မေ - ၃
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ၂ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊သဲကုန်းကျေးရွာရှိ တီဘီရောဂါအထူးကုဆေးရုံဝန်ထမ်း အိမ်ရာတိုက်အမှတ်(A)၊ အခန်း(၁)နေဒေါက်တာရဲဟိန်းအောင်(၂၉)နှစ်(ဘ)ဦးကိုကိုကြီးနှင့် ၎င်း၏ ဇနီးဖြစ်သူဒေါ်နှင်းဝေလှိုင်(သူနာပြု)(၃၃)နှစ် (ဘ)ဦးစိုင်းမောင်အေးတို့၏ တိုက်ခန်းအတွင်းမှ ၎င်းတို့ ၂ ဦးနှင့်အတူ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ဓားရှည် ၁ ချောင်း၊ သံတုတ် ၁ ချောင်း၊ လှံ ၁ ချောင်း၊ ဂျင်ကလိ၁၄ချောင်း၊ လေးခွ၁လက်၊ ကျည်ကာအင်္ကျီ၁ထည်၊ စတီးဘောစေ့၂၈၀လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ အလားတူနံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၉ လမ်းနှင့် ၁၀လမ်းကြား၊၈၈လမ်းနှင့် ၉၀ လမ်းကြားနေဇင်မျိုးထွန်း(၂၀)နှစ် (ဖ)ဦးကံချွန်၏ နေအိမ်အတွင်းမှ ဇင်မျိုးထွန်းအား လက်လုပ် သေနတ်၂လက်နှင့်လည်းကောင်း၊ အလားတူနံနက် ၄ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ (ဇ)ရပ်ကွက်နေစိန်ဌေး(၄၃)နှစ် (ဘ)ဦးကျောက်ဖြူ၏နေအိမ်အတွင်းမှ စိန်ဌေးအား ဆူပူအကြမ်းဖက် မှုလုပ်ရပ်များတွင် အသုံးပြုသည့် ကျည်ကာဝတ်စုံ ၃ စုံ၊ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် ၁ ရံ၊ လေးခွ၁လက်၊ကုန်းသီး၇လုံး၊ကျောက်ပေသီး၁၀လုံး၊ယမ်းမှုန့်၁ထုပ်၊ယမ်းမီးခြစ်၅ခု၊အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။