news

မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ နိုင်ငံတကာရေပြင်မှ မြန်မာနိုင်ငံသို့ ဆက်လက်ခုတ်မောင်းလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၃ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်တွင် လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ထွက်ခွာလာခဲ့သည်။

 

နေပြည်တော်၊ ဖေဖော်ဝါရီ- ၁၈

နိုင်ငံခြားရေးမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဆူပူလှုံ့ဆော်ဆန္ဒပြသူများအနေဖြင့် အစိုးရလုပ်ငန်းယန္တရား လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေရန် လမ်းကြောင်းပိတ်ဆို့ခြင်းများ၊ ပုံမှန် လုပ်ငန်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို နှောင့်ယှက်ခြိမ်း ခြောက်ခြင်းများ စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ -၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah bin Haji Sahat နှင့် Video Conferencing ဖြင့်တွေ့ဆုံဆွေးနွေးသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇေယျ၀တီ ၃ လမ်းနှင့် ၄ လမ်းကြား၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခန့်က ယာဉ်မောင်း အောင်နိုင်သူ(ဘ)ဦးတင်မြင့် မောင်းနှင်လာသည့် HYUNDAI POTER II PICKUPအမျိုးအစား မော်တော်ယာဉ် ၁ စီးသည် ၁၁ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး စီးနင်းလာသည့် စက်ဘီးအား ယာဉ်၏ယာဘက် နောက်ဘီးနှင့် ကြိတ်မိပြီး မိန်းကလေးငယ်မှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

 

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

          မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားတိုက်နယ်ဆေးရုံ၌ ဆရာဝန်များနှင့် သူနာပြုများက ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်အလုပ်ဆင်းပြီး တာဝန် ကျေပွန်စွာထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော် ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီတောင်းခံ လာခဲ့သည်။