နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)၊ ပြင်ဦးလွင်ဘူတာနှင့် ပြင်ဦးလွင်မြို့အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ RVK Myanmar Co.Ltd သို့ငှားရမ်း ဆောင်ရွက်ထားသည့် မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာစက်ရုံအစည်းအဝေးခန်းမတွင် မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင် သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက စက်ရုံသမိုင်းအကျဉ်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက်၏ (ASEAN OSHNET) အား ၂၀၁၈ ခုနှစ်တွင် စတုတ္ထဆုရရှိခဲ့မှုနှင့်၊ ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ Excellent Award ဆုကို မြန်မာနိုင်ငံကိုယ်စားရရှိခဲ့မှုအခြေအနေ များ၊ စက်ရုံအတွင်း ဌာနအလိုက်ဝန်ထမ်းများခန့်အပ်ထားရှိမှုအခြေအနေများ၊ စက်ရုံမှ ဆေးဝါးများနှစ်အလိုက်ထုတ်လုပ်ခဲ့မှုနှင့် ပြင်ပဌာနများသို့ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဆေးများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး အရည်အသွေး စစ်ဆေးမှုများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် အဓိကလိုအပ်သည့် ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ် သည့် ဆေးဝါးများအားသုတေသနပြု၍ ပြည့်မီစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ဆေးဝါးများထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းလိုအပ်ချက်ရှိသည့် ဆေးဝါးများ အနက်မှ မိမိတို့ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ဆေးဝါးများပြည့်မီအောင် ပြည်တွင်း ၌စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်အား သုတေသနပြု လုပ်၍ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော ကုန်ကြမ်းများ အသုံးပြု၍ အရည် အသွေးပြည့်မီသည့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မိမိတို့ နိုင်ငံတွင်း အဖြစ်များဆုံးရောဂါများကို သုတေသနပြု၍ လိုအပ်သည့်ဆေးဝါးများ ထုတ်လုပ်နိုင် ရေးနှင့် ပြည်သူများအတွက် အဓိကအထောက်အကူပြုအကျိုးပြုသည့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း လူ့အသက်ထက်အရေးကြီးသည်မှာ မရှိဟူသောမူဝါဒအတိုင်း လိုအပ်သည့် ဆေးဝါး များကို ပြည်ပနိုင်ငံများမှ တင်သွင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ချိန်တွင် အခက်အခဲများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ပြည်တွင်း၌လိုအပ်သည့် အခြေခံဆေးဝါးများကို ပြည့်မီအောင် ထုတ်လုပ်ရန်မှာကြားပြီး တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို မေးမြန်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံမှထုတ်လုပ်ထားသည့် ဆေးဝါးများအား ကြည့်ရှု၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ အရည်အသွေးစစ်ဆေးရေးဌာန၊ သောက်ဆေးရည် ဌာန၊ ထိုးဆေးအမှုန့်ထုတ်လုပ်ရေးဌာန၊ ဆေးပြား၊ ဆေးတောင့် ထုတ်လုပ်ရေးဌာန၊ ကုန်ကြမ်း၊ ကုန်ချော ထိန်းသိမ်းရေးဌာနတို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများအရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက် သည့်အပြင် ပြည်သူများ အလွယ်တကူရရှိသုံးစွဲနေကြသည့် စပ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများကိုလည်း ကျန်းမာရေးအသိပညာပေးရန်လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ်သည်များအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ RVK Myanmar Co.Ltd သို့ငှားရမ်း ဆောင်ရွက်ထားသည့် မြန်မာ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)မှ အာရုံကြောအားဆေးများ၊ ဆီးချိုရောဂါကုသ ဆေး၊ သွေးတိုးနှင့်နှလုံးရောဂါကုသဆေးများ၊ အကိုက်အခဲပျောက်အရောင်ကျဆေး၊ ဗိုက်တာ မင် ဘီ အုပ်စုအားဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ လက်သန့်ဆေးရည်၊ စွမ်းအင် ဖြည့်ရန်နှင့် အီလက်ထရိုလိုက် ညှိထိန်းဖျော်ရည်မှုန့်တို့အား ခေတ်မီစက်ကိရိယာများ အသုံးပြု ထုတ်လုပ်၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရိရသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိကြပြီး ဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားဌာန၊ အထွေထွေမန်နေဂျာ( အထက်မြန်မာပြည်အုပ်ချုပ်ရေး) ဦးစိုင်းသော်လင်း၊ ရုံပိုင်ကြီး (အထူးတန်း) ဦးသိန်းကျော်ဌေးနှင့် တာဝန်ရှိသူများ လိုက်လံရှင်းလင်းတင်ပြကြသည်။
ရှင်းလင်တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်ဘူတာသည် ခရီးသွားများအတွက် အကျိုးရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မန္တလေး- ပြင်ဦးလွင်- နောင်ချိုရထားလမ်းများအား ရထားများအဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲ၍ ရထားမောင်းချိန်များလျှော့ချနိုင်ရေး အတွက် ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရထားလမ်းမျာအား စနစ်တကျ ထိန်းသိမ်းခြင်းများဆောင်ရွက်နေရန်လိုကြောင်း၊ ခရီးသွားများ အဆင်ပြေစေရေး အတွက် ရထားလမ်းပလက်ဖောင်းများအား တိုးချဲ့ဆောက်လုပ်ရန်လိုကြောင်း၊ ပြင်ဦးလွင် ဘူတာရုံအဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူ မပြတ်ထိန်းသိမ်း၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်လိုကြောင်းဖြင့်မှာကြား သည်။
ဆက်လက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က ကန်တော်ကြီးရေလှောင်ကန်ရေရှည်တည်တံ့စေရေး အဆင့်အလိုက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုနှင့်ကန်အတွင်း ရေဝင်ရောက်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်ကြီးရေလှာင်ကန် တည်တံ့စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်များအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကန်တော်ကြီး ရေလှောင်ကန်တွင်း ရေဝင်ရောက်မှုများ နည်းပါး နေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ယခုနှစ် စက်တင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်တွင် ကန်တော်ကြီးရေလှာင်ကန်၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှု များ များပြားစေရေးအတွက် လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများမှ ပြုပြင် ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ရာ ကန်တော်ကြီးအတွင်းရေဝင်ရောက်မှုမှာ ယခင်နှစ် ကာလတူတွင် ရေလှောင်ကန်အတွင်းရေအမှတ် ၁၁ ပေသာရှိခဲ့ရာမှ ယခုအခါတွင် ၁၉ ဒသမ ၄ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိသည်။