ကန်ပက်လက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ ဒီဇင်ဘာ ၄
NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျောင်းနေအရွယ်ကလေးသူ ငယ်များ၏ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် အေးချမ်းစွာနေထိုင်ကြသော ပြည်သူလူထုအား ထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ အချို့နေရာများတွင် စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား CDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အင် အား ၅၀ ဦးခန့်က ကျောင်း၏တောင်ဘက် ဘောလုံးကွင်းအနီးမှ လည်းကောင်း၊ ကျောင်း၏ မြောက်ဘက် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်းမှ လည်းကောင်း လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ရှိ ပြတင်းတံခါးမှန်များ ပျက်စီးခဲ့ကြောင်းသိရသည်။
ထိုသို့ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား နယ်မြေခံတပ်မတော် စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။