အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ ပျက်စီးဆုံးရှုံးခဲ့ရ
နေပြည်တော်၊ နိုဝင်ဘာ - ၂၅
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင် ဘဏ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်အထိ နိုင်ငံပိုင်ဘဏ် ၂၆ ခုနှင့် ပုဂ္ဂလိကပိုင် ဘဏ် ၄၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-