news

နေပြည်တော်၊ မတ် - ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ရှိသကဲ့သို့ နိုင်ငံတော် အစိုးရအား နည်းမျိုးစုံဖြင့် ဆန့်ကျင်ရေးဆောင်ရွက်လျက်ရှိသော အစုအဖွဲ့များက မင်းမဲ့စရိုက် ဆန်သော လူအုပ်စု (Anarchy Mob) အသွင်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက် လျက်ရှိသည်။

နေပြည်တော်၊ မတ် - ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၂)ရပ်ကွက်၊ ကရုဏာလမ်း၊ အမှတ်(၅၂၀)ရှိ ဝဋ်ကြွေးတော်ပြေဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တ သီရိဓမ္မ၊ သက်တော် ၅၀ နှစ်၊ ဝါတော် ၁၉ ဝါအား မတ် ၂ ရက် ည ၈ နာရီခန့်တွင် ဆူပူအကြမ်းဖက် သူ အင်အား ၁၀၀ ဦးခန့်က ကျောင်းအတွင်းဝင်ရောက်၍ လေးခွများဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော်တွင် နဖူး၊ ဦးခေါင်းနှင့် ဘယ်မျက်လုံးတို့ထိခိုက်ခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံ ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်၊ မတ် -၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန် များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

နေပြည်တော်၊ မတ် - ၃

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

နေပြည်တော်၊ မတ် - ၃

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ မတ် - ၃

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ မတ်လ ၃ ရက်

နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့်ဆန့်ကျင်ရေး ဆောင်ရွက်နေသော အစုအဖွဲ့များ အနေဖြင့် လူငယ်ထုအား ရည်မှန်းချက်ထားရှိရှေ့တန်းတင်ကာ နေရာအနှံ့အပြားတွင် ဆူပူမှုများ မဖြစ်မနေဖြစ်ပွားစေရန်၊ လူငယ်ထုအားလမ်းပေါ်ရောက်ရှိအုံကြွစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ထိပ်တိုက်တွေ့ဆုံစေရေးတို့အတွက် သွေးထိုးလှုံ့ဆော် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

နေပြည်တော်၊ မတ်လ ၃ ရက်

 

၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး - မန္တလေးကားလမ်း ဘူတာလမ်းဆုံ၌ ဆန္ဒပြလူစုလူဝေးအင်အား(၁၅၀)ဦးခန့်သည် ဆူပူအော်ဟစ်ကာ စုဝေးရောက်ရှိလာသဖြင့် ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ ပူးပေါင်း အဖွဲ့က လူစုခွဲရန် ညှိနှိုင်းဖြေလျော့ခဲ့ပါသည်။

နေပြည်တော်၊ မတ် - ၃

Covid-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ Covid-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။