နေပြည်တော်၊ နိုဝင်ဘာ-၂၂
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြိုင်-မန္တလေးကားလမ်းမပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးခြင်းများဆောင်ရွက်ရန်အတွက် အဆိုပါဂိတ် အနီးပတ်ဝန်းကျင်အား ရှင်းလင်းစစ်ဆေးနေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးရေး ဂိတ်၏ အရှေ့ဘက် ၁၅ ပေခန့်အကွာရှိ သဲပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးမှ ဆိုင်ကယ်မောင်းနှင်လာသည့် အမှတ်(၁)ရပ်ကွက်နေ ဦးဇော်အောင်(ခ) ဝင်းဇော်အောင်(၃၅)နှစ် (ဘ)ဦးစိန်လှ၏ နဖူးနှင့် အောက်နှုတ်ခမ်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သဲပုံအတွင်း စစ်ဆေးရန်ပြုလုပ်စဉ် နံနက် ၁၀ နာရီခန့်တွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရှင်းလင်း စစ်ဆေးခဲ့ရာ အဆိုပါသဲပုံအတွင်း မြှပ်နှံထားသည့် သံပိုက်ဖြင့် ပြုလုပ်ထားပြီး ဆိုင်ကယ်ဘတ္ထရီ အိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။