news

နေပြည်တော်၊ မတ် - ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်အနီး၌ ယနေ့တွင် ဆူပူဆန္ဒပြသူအချို့က အုပ်စုဖွဲ့၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ လာရောက်၍ လူစုခွဲမှုများ မပြုလုပ်နိုင်ရန် ကားလမ်းမပေါ်တွင် အတားအဆီးများ ပိတ်ဆို့ခဲ့သည်။

နေပြည်တော်၊ မတ် - ၃ 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မလေးရှားနိုင်ငံမှ ရေကြောင်း ခရီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ Covid-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center တွင်ထားရှိပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ မတ် - ၃ 

 တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ မတ် - ၃

YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် (၁၄၂)ပါးမြောက်ဘွဲ့ရရှိတော်မူသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိဘုရားကုန်းကျောင်းရှိ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ဓမ္မထေရ်ရီ အား ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် သြဝါဒခံယူခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သာသနာ့ဝံသဓမ္မာဗိမာန်တော်ကြီး၌ ပြုလုပ်ရာ

နေပြည်တော်၊ မတ် - ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှုဆောင် ရွက်လျက်ရှိရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (ဗညမေခ့ပ သြဘ) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များ ကို ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော်၊ မတ် - ၃

တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများ ရေးသား၍ ရုံးရှေ့တွင် ချိတ်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့် ရိုတ်ပိတ်ခြင်း၊ ရုံးအဝင် တံခါးများအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုတ်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်၊ မတ် - ၃

ဆူပူဆန္ဒပြသူများအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကိုလည်း ဖိအားပေး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်းများစသည့်တို့ကို ပြုလုပ်လျက်ရှိသည်။

နေပြည်တော်၊ မတ် - ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၄၃၉၃၂ ဦး၊ အတွင်းလူနာ ၃၇၂၅ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။

 

နေပြည်တော်၊ မတ် - ၃

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား Covid-19 ရောဂါနှင့်ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။