ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တမူးမြို့နှင့် ကလေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ များနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်
နေပြည်တော်၊ ဇွန် - ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား ဇွန် ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့်အဖွဲ့ဝင်များက တမူးမြို့တပ်စခန်းရိပ်သာအစည်းအဝေး ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် Mask များကို ထောက်ပံ့ ပေးအပ်သည်။